၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁)၊ ကမ႓ာ့အလုပ္သမားမ်ားေန႔တြင္လည္း စစ္ရာဇဝတ္နယ္ခဲ်႕အစြန္းေရာက္ တပ္ဖြဲ႕ျဖစ္ေသာ ျမန္မာ့တပ္မေတာ္၏ ထိုးစစ္မ်ားမွာ မရပ္တန္႔ဘဲ ရွိေနေသာေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ Covid-19 ကာလအတြင္းတိုက္ပြဲမ်ားမျဖစ္ပြားလိုေသာ္လည္း ျမန္မာ့တပ္မေတာ္၏ ထိုးစစ္အရွိန္မွာေလ်ာ့က်သြားျခင္းမရွိေသးဘဲ ဆက္လက္ျမႇင့္တင္လ်က္ရွိေသာေၾကာင့္တိုက္ပြဲမ်ားဆက္လက္ရွိေနရျခင္းသာျဖစ္သည္။
၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁) ရက္ေန႔တြင္ ၊ ပလက္ဝၿမိဳ႕၊ ႐ုပ္ဝရြာအေနာက္ေျမာက္ဖက္ေတာင္တန္းရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာအား ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးမ်ားျဖင့္ နံနက္(၈) နာရီေက်ာ္မွ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ေန႔လယ္(၂) နာရီ(၃၀) မိနစ္မွ စ၍ လက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ ေျမျပင္မွ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့၍ တိုက္ပြဲျဖစ္ပြားခဲ့သည္။ သို႔ေသာ္လည္း ရန္သူသည္ နာရီဝက္ခန္႔သာထိုးစစ္ျပဳလုပ္ခဲ့ၿပီး ေနာက္ဆုတ္သြား၍ တိုက္ပြဲထပ္မံမျဖစ္ပြားေတာ့ဘဲ အေဝးမွ လက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။
ပလက္ဝၿမိဳ႕၊ ပလုတ္ေတာင္ရပ္ကြက္အတြင္းသို႔ ျမန္မာ့တပ္မေတာ္သည္ လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ တမင္တကာခိ်န္ရြယ္ၿပီး နံနက္(၁၁) နာရီခန္႔တြင္လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ပလုတ္ေတာင္ရပ္ကြက္သည္ ပလက္ဝၿမိဳ႕၌ ရခိုင္လူမိ်ဳးအမ်ားစုေနထိုင္ၾကၿပီး အဆိုပါေနရာ၌မည္သည့္တိုက္ပြဲျဖစ္ပြားျခင္းမရွိ၊ တိုက္ပြဲျဖစ္သည့္ေနရာႏွင့္လည္းမသက္ဆိုင္သည့္ ေနရာျဖစ္သည္။ျမန္မာ့တပ္မေတာ္၏ပလက္ဝအေျခစိုက္ ခလရ ၂၈၉ တပ္ရင္းမွ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ထိုသို႔လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေျကာင့္ လူေနအိမ္အခိ်ဳ႕ပ်က္စီးခဲ့သည္။ စစ္ရာဇဝတ္မႈက်ဳးလြန္ၿပီး ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကိုအႏၲရာယ္ေပးေနေသာ ရန္သူ႔တပ္ရင္းမ်ားကို လက္စားေခ်တံု႔ျပန္တိုက္ခိုက္သြားမည္။
ေျမပုံၿမိဳ႕နယ္ စညႇင္းရြာေျမာက္ဘက္ေတာင္ေၾကာသို႔ဂ်က္တိုက္ေလယာဥ္တစ္စီးစီျဖင့္ ေမလ(၁) ရက္၊ ေန႔လယ္(၃) နာရီ(၀၃) မိနစ္မွစတင္၍ မိနစ္(၂၀) ခန္႔လာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။ ထို႔အတူ ေန႔လယ္(၃) နာရီ(၂၃) မိနစ္မွ စတင္ၿပီး ရဟတ္ယာဥ္(၁) စီးျဖင့္ (၁၅) မိနစ္ခန္႔ တစ္စီးၿပီးတစ္စီး မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲလာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
အျခားေနရာမ်ား၌တိုက္ပြဲမ်ားရွိပါက ဆက္လက္တင္ေပးသြားပါမည္။
မိမိတို႔အေနျဖင့္ ျမန္မာ့တပ္မေတာ္၏ စစ္ေရးလႈပ္ရွားမႈ၊ ျပင္ဆင္မႈ၊ ေရြ႕လ်ားမႈမ်ားကိုၾကည့္၍ လိုအပ္လွ်င္လိုအပ္သလို ခုခံကာကြယ္သြားမည္။
သတင္း ႏွင့္ ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္
၂၀၂၀ ပြည့်နှစ်၊ မေလ(၁)၊ ကမ္ဘာ့အလုပ်သမားများနေ့တွင်လည်း စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက် တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ ထိုးစစ်များမှာ မရပ်တန့်ဘဲ ရှိနေသောကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် Covid-19 ကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင်လျက်ရှိသောကြောင့်တိုက်ပွဲများဆက်လက်ရှိနေရခြင်းသာဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁) ရက်နေ့တွင် ၊ ပလက်ဝမြို့၊ ရုပ်ဝရွာအနောက်မြောက်ဖက်တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် နံနက်(၈) နာရီကျော်မှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်နေ့လယ်(၂) နာရီ(၃၀) မိနစ်မှ စ၍ လက်နက်ကြီးပစ်ကူများနှင့်အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရန်သူသည် နာရီဝက်ခန့်သာထိုးစစ်ပြုလုပ်ခဲ့ပြီး နောက်ဆုတ်သွား၍ တိုက်ပွဲထပ်မံမဖြစ်ပွားတော့ဘဲ အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်အတွင်းသို့ မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာချိန်ရွယ်ပြီး နံနက်(၁၁) နာရီခန့်တွင်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပလုတ်တောင်ရပ်ကွက်သည် ပလက်ဝမြို့၌ ရခိုင်လူမျိုးအများစုနေထိုင်ကြပြီး အဆိုပါနေရာ၌မည်သည့်တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ တိုက်ပွဲဖြစ်သည့်နေရာနှင့်လည်းမသက်ဆိုင်သည့် နေရာဖြစ်သည်။မြန်မာ့တပ်မတော်၏ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ပျက်စီးခဲ့သည်။ စစ်ရာဇဝတ်မှုကျုးလွန်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုအန္တရာယ်ပေးနေသော ရန်သူ့တပ်ရင်းများကို လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်။ မြေပုံမြို့နယ် စညှင်းရွာမြောက်ဘက်တောင်ကြောသို့ဂျက်တိုက်လေယာဉ်တစ်စီးစီဖြင့် မေလ(၁) ရက်၊ နေ့လယ်(၃) နာရီ(၀၃) မိနစ်မှစတင်၍ မိနစ်(၂၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အတူ နေ့လယ်(၃) နာရီ(၂၃) မိနစ်မှ စတင်ပြီး ရဟတ်ယာဉ်(၁) စီးဖြင့် (၁၅) မိနစ်ခန့် တစ်စီးပြီးတစ်စီး မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အခြားနေရာများ၌တိုက်ပွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှု၊ ရွေ့လျားမှုများကိုကြည့်၍ လိုအပ်လျှင်လိုအပ်သလို ခုခံကာကွယ်သွားမည်။ သတင်း နှင့် ပြန်ကြားရေး ရက္ခိုင့်တပ်တော်
map မှာ lat long ထည့္ေပးေက ကောင္းပါဖို့