top of page

အာရက္ခဒေသတိုက်ပွဲသတင်းများ




အာရက္ခဒေသတိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

 

အာရက္ခတပ်တော်သည် မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့ နှင့် ဂွမြို့ရှိ ရန်သူ့စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးထဲမှ အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ပြီ ဖြစ်သည်။ ဤတိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။

 

ထို့အတူ လေကြောင်းမှလည်း မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဖြစ်သည်။

 

အခြားတစ်ဖက်တွင် ယနေ့၌လည်း အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့်

 

“စောစော အလံဖြူထောင်လျှင်

စောစော အသက်ရှင်ကျန်ရစ်စေမယ်

မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်”

 

လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါသည်။

 

ဂွမြို့တွင်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်လျက်ရှိသည်။ ယနေ့တွင်လည်း ဂွမြို့တွင်းတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page