သတင်းထုတ်ပြန်ချက်
- ULA / AA
- Jan 4, 2024
- 1 min read





သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရန်သူ့စခန်းကုန်းများထဲမှ ပလက်ဝမြို့နယ်၊ ခမောင်းဝစခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သကဲ့သို့ ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
Comments