ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၄) နာရီ (၂၇) မိနစ်ခန့်အချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အာလီဂျူဟ၏ နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမှတစ်ဆင့် အနီးဝန်းကျင်ရှိ လူနေအိမ်တချို့သို့ မီးကူးစက်ခဲ့သောဖြစ်စဉ်တစ်ခုရှိခဲ့ပါသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှ-
၁။ အာလီဂျူဟ ၏ နေအိမ်၊
၂။ လာလာမော်ဒီလ် ၏ နေအိမ်၊
၃။ အီနုစ် ၏ နေအိမ်၊
၄။ အဒူရှော်ရှိ ၏ နေအိမ်၊
၅။ ဒေါ်လူ ၏ နေအိမ်၊
၆။ ဆော်လိုမာနီ၏ နေအိမ်၊
၇။ အီနုစ် ၏ နေအိမ်၊
၈။ ကာဘူ ၏ နေအိမ်၊
၉။ ဆိုက်ထူရော်မန် ၏ နေအိမ်
၁၀။ ရော်ဖိတ် ၏ နေအိမ်၊
၁၁။ ရော်မန် ၏ နေအိမ်၊
၁၂။ အဒူလာဇီ ၏ နေအိမ်၊
၁၃။ ဖိရုစ် ၏ နေအိမ်၊
၁၄။ အဒူလ္လာ ၏ နေအိမ်၊
၁၅။ တာကေရ်၏ နေအိမ်၊
၁၆။ မစောခင် ၏ နေအိမ်၊
၁၇။ ဆော်လိမ် ၏ နေအိမ်၊
၁၈။ ဆွေတာမိန်၏ နေအိမ်၊
၁၉။ ဆုလ်တန် ၏ နေအိမ်၊
၂၀။ ဆော်ဒူဇာဟာဆောင်း၏ နေအိမ်၊
၂၁။ မာမောက် ၏ နေအိမ်၊
၂၂။ အဘူနော်ဆောင်း၏ နေအိမ်၊
၂၃။ အာဘူဖွေယော့၏သား ဇူဟာရ်ရူး၏ နေအိမ်၊
၂၄။ မလှစိန် ၏ နေအိမ်
၂၅။ ဟာဘီရော်မာန်၏ နေအိမ်၊
၂၆။ အမည် (စုံစမ်းဆဲ) တို့၏ နေအိမ်များ မှာ မီးကူးစက်လောင်ကျွမ်းသွားခဲ့သည်။ စုစုပေါင်း (၂၆) အိမ်ခန့် မီးလောင်ကျွမ်းခဲ့ပါသည်။
မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီခန့်၌ပင် မီးငြိမ်းသွားပြီး ဖြစ်ပါသည်။
၎င်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်း နှင့် နောက်ဆက်တွဲသတင်းများရရှိပါက ထပ်မံအသိပေးထုတ်ပြန်သွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Comments