top of page

ဘူးသီးတောင်မြို့၊အမှတ်(၂)ရပ်ကွက်၊ရွာသစ်မှ ဝါးခုတ်ရန်သွားရင်း ပျောက်ဆုံးနေသည့် အရပ်သားပြည်သူ(၂)ဦးအားARSAအကြမ်းဖက်တပ်ဖွဲ့ဝင်များမှ ခေါင်းဖြတ်သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သော ရုပ်အလောင်းများအားရှာဖွေတွေ့ရှိ



အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဝါးခုတ်ရန်သွားရင်း ပျောက်ဆုံးနေသည့် အရပ်သား ပြည်သူ (၂) ဦးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ခေါင်းဖြတ်သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သောရုပ်အလောင်းများအား ရှာဖွေတွေ့ရှိ မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသော အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော (ဘ) ဦးဖိုးမြစိန် - (မိ)ဒေါ်လှဝါဖြူ တို့၏သား ဦးစံရွှေမောင် (၆၇) နှစ် နှင့် (ဘ) မောင်သာပွင့် - (မိ) ဒေါ် စိန်မြညို တို့၏သား ဦးမောင်မြအောင် အသက် (၆၅) နှစ် တို့ နှစ်ဦး၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၀) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနား (မူဆလင်) ရွာရှိ “ဖာရုပ်” ၏ နေအိမ်ခြံဝင်းအတွင်း ၌ ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

 

အဆိုပါရုပ်အလောင်းနှစ်လောင်းအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ်သော စစ်ဆေးမှုများကိုပြုလုပ်ခဲ့ပါသည်။ ထို့နောက် အသက်ဆုံးပါးသွားခဲ့ရသောသူနှစ်ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့ သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါသည်။

 

မိမိတို့အနေဖြင့်လည်း ဤအပြစ်မဲ့ရွာသားနှစ်ဦးအား သတ်ဖြတ်သွားခဲ့သော ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းနှင့် ပြန်ကြားရေး

အာရက္ခတပ်တော်

56 views

Commentaires


bottom of page