top of page

ဗမာ့တပ္မေတာ္သည္အပစ္ခတ္ရပ္စဲေရးထုတ္ျပန္ေၾကညာခ်က္ကိုလ်စ္လ်ဴရႈၿပီးMNDAAေဒသအားကိုထိုးစစ္ဆင္တိုက္ခိုက္






ဗမာ့တပ္မေတာ္သည္ အပစ္ခတ္ရပ္စဲေရးထုတ္ျပန္ေၾကညာခ်က္ကို လ်စ္လ်ဴရႈၿပီး MNDAA ၏ ေဒသအသီးသီးကို ထိုးစစ္ဆင္တိုက္ခိုက္

ရက္စြဲ။ ၂၀၂၁ ခုႏွစ္၊ ဧၿပီလ (၃) ရက္

ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို လက္ေတြ႕က်က်အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ရန္အတြက္ မိမိတို MNDAA အေနျဖင့္ ညီေနာင္မဟာမိတ္မ်ားႏွင့္အတူ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေရး ထုတ္ျပန္ေၾကညာခ်က္ကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉) ရက္မွစ၍ ဆက္တိုက္ထုတ္ျပန္ခဲ့ေသာ္လည္း ဗမာ့တပ္မေတာ္မွ အသိအမွတ္မျပဳသည့္အျပင္ မိမိတို MNDAA အေပၚ ထိုးစစ္ဆင္မႈမ်ားကို ဆက္တိုက္ ျပဳလုပ္ခဲ့ပါသည္။ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ မွစ၍ မိမိတို MNDAA သည္ ၿငိမ္းခ်မ္းေရးကို လိုလားေသာ စိတ္ဓာတ္ျဖင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေရး ထုတ္ျပန္ေၾကညာခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ ခဲ့ပါသည္။ သိုေသာ္ ဗမာ့တပ္မေတာ္သည္ ၄င္းတိုအက်ိဳးစီးပြားအတြက္ MNDAA ၏ လႈပ္ရွားနယ္ေျမမ်ားကို အဘက္ဘက္မွပိတ္ဆိုဖိႏွိပ္ျခင္းမ်ား ဆက္တိုက္လုပ္ေဆာင္ေနပါသည္။ လက္တေလာပိုင္းတြင္ ဗမာ့တပ္မေတာ္သည္ ၄င္းတိုထုတ္ျပန္ထားေသာ အပစ္အခတ္ရပ္စဲေရး ထုတ္ျပန္ခ်က္ကို လ်စ္လ်ဴရႈ၍ MNDAA ကို ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ား ဆက္တိုက္ျပဳလုပ္ေနၿပီး ၿငိမ္းခ်မ္းေရးကို အတင္းဖ်က္ဆီးေနပါသည္။

၁။ ၂၀၂၁ ခုႏွစ္၊ မတ္လ (၂၃) ရက္ေန႔ ေန႔လယ္ ၁၃း၂၉ နာရီတြင္ ဗမာ့တပ္မေတာ္ တပ္မ ၈၈ မွ လူအင္အား ၂၀၀ ခန႔္ ျဖင့္ လက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ နာဒီၿမိဳနယ္ နန္ေလာ့႐ြာအနီးရွိ MNDAA တပ္မဟာ ၂၁၁ ႏွင့္ ၅၁၁ ကို လာေရာက္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး ၁၈း၃၀ နာရီအထိ တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားခဲ့သည္။

၂။ ၂၀၂၁ ခုႏွစ္၊ မတ္လ (၂၄) ရက္ေန႔ နံနက္ ၀၈း၁၅ နာရီတြင္ ဗမာ့တပ္မေတာ္ ၄၂၆ တပ္ရင္းသည္ လွိင္ပန္းခါ အနီးရွိ ညီေနာင္မဟာမိတ္တပ္ဖြဲမ်ားရွိရာေနရာကို လာေရာက္ထိုးစစ္ဆင္ခဲ့ၿပီး ညေန ၁ရး၁၅ နာရီ အထိ တိုက္ပြဲမ်ား ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့သည္။

၃။ ၂၀၂၁ ခုႏွစ္ မတ္လ ၂၅ ရက္၊ နံနက္ ၀၅း၅၀ နာရီတြင္ ဗမာ့တပ္မေတာ္မွ လက္နက္ႀကီးျဖင့္ သံလြင္ျမစ္ အေနာက္ျခမ္း ခ်ိက်ဴး႐ြာအနီးရွိ MNDAA တပ္မဟာ ၅၁၁ ကို ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထိုအျပင္ မူဆယ္၊ နန႔္ခမ္း ႏွင့္ နန္ဖက္ကာ ဘက္ကို လူအင္အား ၅၀၀ ခန႔္ ျဖည့္တင္းခဲ့ၿပီး MNDAA အေပၚထိုးစစ္ဆင္ရန္ ျပင္ဆင္ေနၾကသည္။

၄။ ၂၀၂၁ ခုႏွစ္ မတ္လ ၂၅ ရက္ေန႔ နံနက္ ၀ရး၀၀ နာရီတြင္ ဗမာ့တပ္မေတာ္မွ လက္နက္ႀကီး ျဖင့္ ေဟာထန္ရွန္း ရွိ MNDAA တပ္မဟာ ၂၁၁ ကို ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး လူအင္အား ၁၅၀ ေက်ာ္ ခန႔္ျဖင့္ ခ်ဥ္းကပ္လာေသာေၾကာင့္ ၁၂း၃၀ နာရီအထိ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။

၅။ ၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔ ေန႔လယ္ ၁၂း၂၂ နာရီတြင္ ဗမာ့တပ္မေတာ္မွ မန္ဇာတာခ်င္းရႈ အနီးရွိ MNDAA တပ္မဟာ ၂၁၁ ႏွင့္ ေလာ္ေဟး႐ြာ အနီးရွိ MNDAA ကို လာေရာက္တိုက္ခိုက္ခဲ့သည္။

ဗမာ့တပ္မေတာ္သည္ သံလြင္ျမစ္အေနာက္ဘက္ျခမ္းရွိ MNDAA ကို ထိုးစစ္ဆင္တိုက္ခိုက္သည့္အျပင္ လက္နက္ခဲယမ္းမ်ားကိုလည္း အဆက္မျပတ္ ျဖည့္တင္းေနၿပီး ပိုမိုျပင္းထန္သည့္ တိုက္ပြဲမ်ားေဖာ္ေဆာင္ရန္ ျပင္ဆင္ေနသည္။ သိုေသာ္ မိမိတို MNDAA မွာ တိုင္းရင္းသားရင္ၾကားေစ့ေရးႏွင့္ ျပည္သူ႔အက်ိဳးစီးပြားတို အတြက္ တိုက္ပြဲမ်ားကို ဆက္လက္တိမ္းေရွာင္သြားမည္ျဖစ္ပါသည္။

MNDAA

သတင္းႏွင့္ျပန္ၾကားေရး


( MNDAA သတင္းႏွင့္ျပန္ၾကားေရးမွ တ႐ုတ္ဘာသာျဖင့္ထုတ္ျပန္ထားသည္ကို ျမန္မာဘာသာသိုျပန္ဆို၍ ထုတ္ျပန္ျခင္းျဖစ္ပါသည္။ )





ဗမာ့တပ်မတော်သည် အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေညာချက်ကို လျစ်လျူရှုပြီး MNDAA ၏ ဒေသအသီးသီးကို ထိုးစစ်ဆင်တိုက်ခိုက်

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃) ရက်

နိုင်ငံတော် ငြိမ်းချမ်းရေးလမ်းစဉ်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် မိမိတို MNDAA အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်မှစ၍ ဆက်တိုက်ထုတ်ပြန်ခဲ့သော်လည်း ဗမာ့တပ်မတော်မှ အသိအမှတ်မပြုသည့်အပြင် မိမိတို MNDAA အပေါ် ထိုးစစ်ဆင်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ မိမိတို MNDAA သည် ငြိမ်းချမ်းရေးကို လိုလားသော စိတ်ဓာတ်ဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက် ခဲ့ပါသည်။ သိုသော် ဗမာ့တပ်မတော်သည် ၄င်းတိုအကျိုးစီးပွားအတွက် MNDAA ၏ လှုပ်ရှားနယ်မြေများကို အဘက်ဘက်မှပိတ်ဆိုဖိနှိပ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေပါသည်။ လက်တလောပိုင်းတွင် ဗမာ့တပ်မတော်သည် ၄င်းတိုထုတ်ပြန်ထားသော အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်ကို လျစ်လျူရှု၍ MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ငြိမ်းချမ်းရေးကို အတင်းဖျက်ဆီးနေပါသည်။

၁။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ နေ့လယ် ၁၃း၂၉ နာရီတွင် ဗမာ့တပ်မတော် တပ်မ ၈၈ မှ လူအင်အား ၂၀၀ ခန့် ဖြင့် လက်နက်ကြီးပစ်ကူများနှင့်အတူ နာဒီမြိုနယ် နန်လော့ရွာအနီးရှိ MNDAA တပ်မဟာ ၂၁၁ နှင့် ၅၁၁ ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၈း၃၀ နာရီအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

၂။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက် ၀၈း၁၅ နာရီတွင် ဗမာ့တပ်မတော် ၄၂၆ တပ်ရင်းသည် လှိင်ပန်းခါ အနီးရှိ ညီနောင်မဟာမိတ်တပ်ဖွဲများရှိရာနေရာကို လာရောက်ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၁၇း၁၅ နာရီ အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

၃။ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်၊ နံနက် ၀၅း၅၀ နာရီတွင် ဗမာ့တပ်မတော်မှ လက်နက်ကြီးဖြင့် သံလွင်မြစ် အနောက်ခြမ်း ချိကျူးရွာအနီးရှိ MNDAA တပ်မဟာ ၅၁၁ ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုအပြင် မူဆယ်၊ နန့်ခမ်း နှင့် နန်ဖက်ကာ ဘက်ကို လူအင်အား ၅၀၀ ခန့် ဖြည့်တင်းခဲ့ပြီး MNDAA အပေါ်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။

၄။ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက် ၀၇း၀၀ နာရီတွင် ဗမာ့တပ်မတော်မှ လက်နက်ကြီး ဖြင့် ဟောထန်ရှန်း ရှိ MNDAA တပ်မဟာ ၂၁၁ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူအင်အား ၁၅၀ ကျော် ခန့်ဖြင့် ချဉ်းကပ်လာသောကြောင့် ၁၂း၃၀ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

၅။ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂း၂၂ နာရီတွင် ဗမာ့တပ်မတော်မှ မန်ဇာတာချင်းရှု အနီးရှိ MNDAA တပ်မဟာ ၂၁၁ နှင့် လော်ဟေးရွာ အနီးရှိ MNDAA ကို လာရောက်တိုက်ခိုက်ခဲ့သည်။

ဗမာ့တပ်မတော်သည် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း အဆက်မပြတ် ဖြည့်တင်းနေပြီး ပိုမိုပြင်းထန်သည့် တိုက်ပွဲများဖော်ဆောင်ရန် ပြင်ဆင်နေသည်။ သိုသော် မိမိတို MNDAA မှာ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် ပြည်သူ့အကျိုးစီးပွားတို အတွက် တိုက်ပွဲများကို ဆက်လက်တိမ်းရှောင်သွားမည်ဖြစ်ပါသည်။

MNDAA

သတင်းနှင့်ပြန်ကြားရေး


( MNDAA သတင်းနှင့်ပြန်ကြားရေးမှ တရုတ်ဘာသာြဖင့်ထုတ်ပြန်ထားသည်ကို မြန်မာဘာသာသိုပြန်ဆို၍ ထုတ်ပြန်ခြင်းဖြစ်ပါသည်။ )

739 views

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page