top of page

တိုက်ပွဲသတင်းထုတ်ပြန်ချက်






တိုက်ပွဲသတင်းထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်

 

ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာနိုင်ရန်အတွက် ပလက်ဝမြို့ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်၏ အနည်းငယ်သော လက်ကျန်စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ထိုကြောင့် ပလက်ဝမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။

 

ဇန်နဝါရီလ (၉) ရက်တစ်နေ့လုံး ပလက်ဝမြို့အနီးပတ်ဝန်းကျင်၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ် များဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ မိမိတို့ဘက်မှလည်း အပြီးသတ်သိမ်းပိုက်ရယူရေး အတွက် ကြိုးပမ်းလျက်ရှိသည်။ ရန်သူ့အလောင်းအများအပြားနှင့် လက်နက်ခဲယမ်း အမြောက်အမြားတို့ကိုလည်း ယနေ့တွင်ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ထိုအပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များကို ကြိမ်ဖန်များစွာသုံး၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် မြောက်ဦးအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ခမရ (၅၄၀) မှ အင်အား (၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး (၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူများထပ်မံရှိနိုင်သည်။

 

အကျအဆုံးများပြီး အထိနာနေသော အဆိုပါစစ်ကြောင်းသည် မြောက်ဦးမြို့အတွင်းသို့ဆုတ်ပြေးစဉ် လမ်း၌တွေ့ရှိသော မြောက်ဦးမြို့ခံ (၃) ဦးအား လူသားဒိုင်းကာလုပ်၍ ခမရ (၅၄၀) တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါအပြစ်မဲ့ အရပ်သား (၃) ဦးစလုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

 

ထိုအပြင် ယနေ့ ညနေပိုင်းတွင်လည်း ခမရ (၅၄၀) တပ်ရင်းမှ မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့သည်။ မိမိတို့၏ အပြစ်မဲ့ပြည်သူလူထုတို့အား သတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော ခမရ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချေတုံပြန်သွားမည်ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

2 Comments


Linn Chay
Jan 10, 2024

အောင်မြင်ပါစီ


Like

gyiz13017
Jan 09, 2024

nice ULA/AA

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page