top of page

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ




၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်

 

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်သည်။

 

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊  အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြသည်။

 

မေလ (၁၄) ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့သည်။

 

မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

 

တစ်ပြိုင်နက်တည်းတွင် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ မိမိတို့အားတိုက်ခိုက်နေသော စစ်သွေးကြွဘင်္ဂလီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ ထိုကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများ နှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း "အထူး" သတိပေးအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

107 views
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page